ကန့်ဘလူ ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် မဘသ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသ၀ ဒဏ်ရာရရှိသော် လည်း မသေသေး၊ ယနေ့ ဒရုန်းဖြင့် ဗုံးကျဲမှု ပျူစောထီး ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာမှ ပျူစောထီးခေါင်းဆောင် သ င်္ကန်း ဝတ် ဝါသ၀ လိုက်ပါသော ကားကို စက်တင်ဘာလ ၃၀ ရက်နေ့ မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ဝါသ၀နှင့် ပျူစောထီး ၁ ဦးဒဏ်ရာ ရရှိခဲ့သော်လည်း ဝါသ၀ မ သေ သေးဘဲ ဆေးကုသမှု ခံယူနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိ ရှိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကန့်ဘလူမြို့နယ် မှော်တော်ရွာကျောင်းထိုင်ဘုန်းကြီး၊ ပျူစောထီးခေါင်းဆောင် ဝါသဝ လိုက်ပါလာသော ကား ကို မှော်တော်ရွာနှင့် တောက်ကရှပ်ရွာအကြားရှိ လယ်ကျင်းလျှိုတွင် တန့်ဆည် PDF ရွှေဘိုခရိုင်တပ်ရင်း(၁၆) TRFက အဝေးထိန်းခလုတ်ဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ မူလက ဝါသ၀ ထိ ခိုက်မှု မရှိဟု သတင်းထွက်ခဲ့သော် လည်း လက်တွေ့တွင် ဝါသ၀နှင့် ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ပျူစောထီးခေါင်းဆောင်၊ မှော်တော်ရွာ ကျောင်းထိုင် သင်္ကန်းဝတ် ဝါသဝလိုက် ပါလာ သောကားကို စက်တင်ဘာ၃၀ရက် နံနက်၁၁နာရီတွင် ရွှေဘိုခရိုင်တပ်ရင်း ၁၆ TRF က မိုင်းဆွဲ တိုက်ခိုက်ရာ ဝါသဝနှင့် ပျူစောထီးတစ်ဦး ဒဏ်ရာပြင်း ထန် စွာ ရရှိသဖြင့် မှော်တော်ရွာ ဘုန်းကြီးကျောင်းတွင် လုံခြုံရေးတင်းကျပ်ကာ ဆေးကုသနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီ၏ ပံ့ပိုးထောက်ခံမှု အပြည့်ရရှိထားသော မဘသ သင်္ကန်းဝတ် ဝါသ၀ သည် ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ပြီး အမျိုး သားရေး တက်ကြွ လှုပ်ရှားသူဖြစ်ကြောင်း၊ ငါးရာငါးဆယ်ဆရာတော် အမည်ခံကာ မှော်တောကျေးရွာ လက်နက်ကိုင်ပျူစောထီးများ မွေးထုတ်နေကြောင်း၊ ရွာစဉ်လိုက်၍ လက်နက်များ တပ်ဆင်ပေးပြီး ပျူစောထီး သင်တန်းများ ပို့ချနေသူလည်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယနေ့ အောက်တိုဘာ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရှေ့တန်းပြန် ပျူစောထီးများကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေထူးရွာတွင် သပြေခက်ဖြင့် ကြိုဆိုနေကြစဉ် PDFက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦး၏ သား နှင့် ပျူစောထီး၂ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် မြေထူးရွာ ကျေးလက်ဆေးပေးခန်းအနီးတွင် အမျိုးသမီး ၁၅ ဦး နှင့် လက်နက်ကိုင် ပျူစောထီး၁၀ဦးခန့် သပြေခက်ကိုင်၍ စောင့်ဆိုင်းနေစဉ် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း(၁၆) TRFက ဒရုန်းဖြင့် ဗုံးသီးကျဲချ တိုက် ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"မြေထူးရွာဆေးခန်းတောင်ဘက်က ညောင်ပင်ကြီးအောက်မှာ သပြေခက်တွေကိုင်ပြီး စုနေတုန်း ဒရုန်းက လာကြဲသွားတာ။ ဗုံးကျဲပြီးတော့ ပျူ‌စောထီးတွေက လက်နက်ကြီး၁ချက်နဲ့ သေနတ် ၂၀ချက်လောက် ပြန်ပစ်တယ်။ ၃ယောက် ထိတယ်ကြားတယ်။ ပျူစောထီးသင်တန်းကို စစ်သင်တန်းပေးတဲ့ စစ်ဗိုလ်ရဲ့သားလည်း ထိသွားတယ်"ဟု မြေပြင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။
ဓာတ်ပုံ- ပျူစောထီး သင်္ကန်းဝတ် ဝါသ၀ ။
Source :

Khit Thit Media